သာကေတ ဧပြီ ၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (CommunityCentr)ခန်းမတွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ ကျောင်းစာအပြင် အထွေထွေ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ဧပြီလ(၄)ရက်နေ့မှ စတင်၍ ကာတွန်းအခြေခံရေးဆွဲနည်း သင်တန်းကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။
အဆိုပါ သင်တန်းတွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၅၀)ဦးမှတက်ရောက် သင်ကြားကြပြီး ဆရာကြီး ကာတွန်းရွှေမင်းသားမှ ကာတွန်းရေးဆွဲရာတွင် လိုအပ်သည့် အခြေခံစည်းမျဉ်း၊ အရောင်စပ်နည်း၊ လူပုံနှင့်အရာဝတ္ထု အခြေခံ ရေးဆွဲနည်းများအား သင်ကြားပို့ချလျက်ရှိသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးတွင် ဖွင့်လှစ် သော ကာတွန်းအခြေခံရေးဆွဲနည်းသင်တန်းအား နှစ်သစ်ကူး ရုံးပိတ်ရက်မပါ ဧပြီလ (၄)ရက်နေ့မှမေလ(၂၀)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ