မိုင်းရယ် ဧပြီ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းဂုဏ်ပြုလက်မှတ် ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက မိုင်းရယ်မြို့၊ မြို့နယ်ဘောလုံးကွင်းတွင် ပြုလုပ်သည်။
သင်တန်းဆင်းပွဲကို သင်တန်းသား၊သင်တန်းသူများက Zoomba အကဖြင့် ဖွင့်လှစ်သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစိုးမင်းအောင်က သင်တန်းဆင်းအမှာ စကားပြောကြားပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယလက်ထောက် ကြီးကြပ်ရေးမှူးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်တန်းနည်းပြ ဂုဏ်ပြုဆုနှင့် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် Fitness Dance စသည့် အားကစားနည်း ၄ မျိုးမှ သင်တန်းပြီးဆုံးအောင်တက်ရောက် သင်ကြားခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်း ဆင်းဂုဏ်ပြုလက်မှတ်များကို အသီးသီးပေး အပ်ခဲ့ကြသည်။
အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းတွင် အားကစားနည်း(၄)မျိုး သင်ကြား ပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၁၂၀)ဦးတက်ရောက် သင်ကြားခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်ထိုက်