တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့သမိုင်းဘာသာရပ် သမိုင်းဘာသာရပ် ဖြေဆိုသူ (၁၃၇ ) ဦးရှိ

တောင်တွင်းကြီး ဧပြီ ၈

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက ကျောင်း သားကျောင်းသူများ စာစစ်ဌာန အသီးသီး၌ နောက်ဆုံးနေ့သမိုင်းဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာစာစစ်ဌာန ၃ခု တွင် ကျောင်းသား/ကျောင်းသူ ( ၁၄၈ ) ဦး စာရင်းပေးသွင်းထားပြီး သမိုင်းဘာသာ ရပ်ဖြေဆိုသူ (၁၃၇ ) ဦး၊ဖြေဆိုမှု ရာခိုင်နှုန်း (၉၂.၅၇) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

နိုင်ဝင်း (ပြန်/ဆက်)