ကျိုက်ဒုံမြို့၌ သီလရှင်(၇၀)ပါးအား ဆွမ်းဆန်စိမ်း လောင်းလှူဒါန်းပွဲ ကျင်းပ

ကျိုက်ဒုံ ဧပြီ ၁၉

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် တန်းခူးလပြည့်ကျော်(၄)ရက်၊ ယနေ့ နံနက် ၉ နာရီက လယ်တောကြီးကျေးရွာအုပ်စု၊ လေးဖိုးကျောင်း တရားရိပ်သာမှ သီလရှင်များအား မြို့ပေါ် နေပြည်သူများက ဆွမ်းဆန်စိမ်းလောင်း လှူဒါန်းခဲ့သည်။

ထိုသို့ ဆွမ်းဆန်စိမ်း လောင်းလှူရာတွင် လေးဖိုးကျောင်း တရားရိပ်သာမှ သီလရှင် (၇၀)ပါးသည် ကျိုက်ဒုံမြို့ဘုရင့်နောင်လမ်းမကြီး တစ်လျှောက်ကြွချီးလာပြီး  ကျိုက်ဒုံမြို့တွင်းရှိ စေတနာရှင်၊ အလှူရှင်များက ဆွမ်းဆန်စိမ်းများ လောင်းလှူဒါန်းခဲ့ပြီး အလှူရှင်များက မိမိတို့၏ နေအိမ်များ တွင် နံနက်ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)