သာစည်မြို့နယ်တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ကျောင်းဆောင်အမိုး သွပ်၊ မျက်နှာကျက်နှင့် လူနေအိမ်အချို့ပျက်စီး

သာစည် ဧပြီ ၂၁

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်က မိုးရွာသွန်း ပြီးလေ ပြင်းတိုက်ခတ်မှုကြောင့် ရွှေတုတ်ကုန်းကျေးရွာအုပ်စု  ရွှေတုတ်ကုန်းကျေးရွာ၌  ကျောင်းဆောင် အမိုးသွပ်နှင့် မျက်နှာကျက်ပျက်စီးပြီး လူနေအိမ်များအမိုးလန်မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရွှေတုတ်ကုန်းကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းရှိတစ်ထပ် အုတ်ခံသွပ်မိုး စာသင်ဆောင်၏ အမိုးသွပ် ၁၀ ချပ်နှင့် ၈ ပေ ၄ ပေမျက်နှာ ကျက် ၅ ချပ်ဆုံးရှုံးပျက်စီးခဲ့ပြီး အလားတူ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်   ရွှေတုတ်ကုန်းကျေးရွာရှိ  လူနေအိမ် ၅ လုံးတွင် သက်ငယ်အမိုးလန်ပျက်စီးမှုနှင့် သွပ်အမိုးလန်ပျက်စီးမှု များ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့်  ပျက်စီးဆုံးရှံးမှုများရှိသော်လည်း  လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)