ကော့မှူးတွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲကျင်းပ

ကော့မှူး ဧပြီ ၂၁

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲ/တပ်ဖွဲ့တို့ ပူးပေါင်း ၍‌ ရှေးဦးပြုစုခြင်း အ‌ခြေခံသင်တန်း အမှတ်စဉ် ၁/၂၀၂၂ သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ၃နာရီက မြို့သစ်ရပ်ကွက် လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ကော့မှူးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က သင်တန်းဆင်း အမှာစကား‌ပြောကြားပြီး မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တပ်ဖွဲ့မှူး ဦးအောင်ကျော်စိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းသား သင်တန်းသူများအ‌နေဖြင့် သင်တန်းမှပို့ချ‌ပေးသော သင်ခန်းစာများကို အချိန် ရှိတိုင်း စဉ်ဆက်မပျက်ပြန်လည်‌ လေ့ကျင့်ကြရန်‌ ပြောကြားခဲ့ပြီး သင်တန်းတွင် ထူးချွန်‌သော သင်တန်းသား/သင်တန်းသူများကို တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များ ပေးအပ် ခဲ့ကြောင်း သိရသည်။

ကော့မှူးသား