ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းကြက်သွန်များ အထွက်နှုန်းကောင်းသော်လည်း ဈေးရရှိမှုနည်းပါးနေ

ညောင်ဦး   ဧပြီ  ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်မောက်တောင်ချောင်းနှင့် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများတွင် ဆောင်းကြက်သွန်များ စတင်နုတ်သိမ်းနေပြီးအထွက် နှုန်းကောင်းသော်လည်း ကြက်သွန်တစ်ပိဿာ ၅၀၀ ကျပ်ဈေးသာ ရောင်းချနေရကြောင်း မုန့်ကုန်းကျေးရွာ ဆောင်းကြက်သွန် စိုက်ပျိုးတောင်သူ ဦးနေမျိုးထွန်းထံမှ သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ချောင်းနှင့် ကြက်မောက်တောင် ဆည်ပတ်ဝန်း ကျင်ကျေးရွာနှစ်ဆယ်ကျော်တွင် ဆောင်းကြက်သွန် အမြောက်အများ စိုက်ပျိုးကြပြီး သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် စတင်ပျိုးထောင်ရသည်။ ကြက်သွန်စိုက်ပြီး တစ်လခွဲခန့်အကြာ ကြက်သွန်အပင် ဖြစ်ထွန်းမှုအပေါ်မူတည်၍ ဓာတ်မြေဩဇာပက်ဖျန်းကာ နုတ်သိမ်းမည့် ဆယ့်ငါးရက်အလိုထိ ရေဖျန်းပေးရကြောင်း၊ ဆောင်းကြက်သွန်တစ်သီး ပျိုးထောင်ချိန်မှ နုတ်သိမ်းသည်အထိ ငါးလခန့်ကြာမြင့်ကြောင်း၊ ကြက်သွန်တစ်ဧက စိုက်ပျိုးချိန် သိန်းနှစ်ဆယ်ခန့်ကုန်ကျ ကြောင်း၊ ဆောင်းကြက်သွန်သည် အရည်အသွေးကောင်းမွန်သည့်အတွက် တစ်နှစ်ပတ်လုံး သိုလှောင်ထားရှိနိုင်ပြီး ယခုနုတ်သိမ်းချိန်တွင် အထွက်နှုန်းကောင်းမွန်သော်လည်း ဈေးနှုန်းရရှိမှု နည်းပါးနေကြောင်း ကြက်သွန်စိုက်တောင်သူများထံမှ သိရသည်။

ကိုထိန်၊KPD