နယ်ရုံးများ၏သတင်းများ

May 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်​ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ကြက်ခြေနီအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို  ယမန်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့်ပူးပေါင်းကာ စားသုံးသူရေးရာအသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
May 07,2022
မေလ(၈)ရက်နေ့တွင် ကျရောက်မည့်ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်၁၀ နာရီအချိန်ကရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌  ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်ခဲ့သည်။
May 07,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထား သူများပိုမို တိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများနှင့်ပူးပေါင်း၍ နမ့်ဆန်မြို့နယ် Community Centre ခန်းမ၌စာဖတ်ဝိုင်းကို ယမန်နေ့ လည် (၁) နာရီ အချိန်ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကုန်စည်နှင့်ဝန်ဆောင်မှုဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၁:၀၀)နာရီအချိန်က ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 07,2022
မေလ ၈ ရက်​နေ့တွင်ကျ​ရောင်မည့် ကမ္ဘာ့ကြက်​​ခြေနီ​​နေ့အထိမ်းအမှတ်ကို  ကြိုဆိုဂုဏ်ပြု​သော အားဖြင့် ကြက်​ခြေနီအသင်းအ​ကြောင်း သိ​ကောင်းစရာ အသိပညာ​ပေး​ဆွေး​နွေးပွဲ (Talk Show) ကို  ယ​နေ့ မွန်းလွဲ ၃ နာရီအချိန်က ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်လူထုအ​ခြေပြု ဗဟိုဌာန (Community Centre) ၌ ပြုလုပ်​ကြောင်းသိရသည်။
May 07,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးများအနေဖြင့် အများပြည်သူ အသိပညာပြန့် ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများကို အကောင်အထည်‌ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 07,2022
ပြည်သူများ စာဖတ်ရှိန်မြင့်မား‌ရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေးကို ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre ခန်းမ)တွင် Book Club အဖွဲ့ဝင်များ နှင့်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်သည်။