လက်ပံတန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်

လက်ပံတန်း   မေ  ၆

ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင်ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ပံတန်းမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိပ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများကို လက်ပံတန်းမြို့နယ် မြို့ပေါ် (၄) ရပ်ကွက်နှင့် ကျေးရွာ အုပ်စုတို့တွင် အခြေခံကျန်းမာရေး ဝန်ထမ်းများက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုမျိုး (ပြန်/ဆက်)