ကျောက်တန်း မေ ၆
မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် လူထု အခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် “ကလေးသူငယ် အခွင့်အရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး” Talk Show ကို ယနေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲ Talk Showတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယ ဦးစီးမှူး ဒေါ်အိသန္တာချိုက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး ကျောက်တန်းမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး ဥက္ကဋ္ဌ ဒေါ်ခင်အေးညွန့်က ကလေးသူငယ်များ ရပိုင်ခွင့်ရှိသော အခွင့်အရေးများ၊ ကလေးများတွင် အန္တရာယ် ကျရောက်ပါက ကာကွယ်စောင့်ရှောက်ရန် မိဘ၊အုပ်ထိန်းသူနှင့် လူမှုပတ်ဝန်းကျင် တစ်ခုလုံး၏ တာဝန်ဖြစ်ကြောင်း၊ ကလေး အလုပ်သမား ဖြစ်ပေါ်ရသည့်အကြောင်းအရင်း၊ ကလေးအလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ကလေးများ အတွက် အသိပညာအတတ်ပညာများရရှိရေး ဆောင်ရွက်ပေးနေမှုများ၊ ကလေးများ၏ ဘဝလုံခြုံရေးနှင့် သာယာအေးချမ်းရေး အတွက် စောင့်ရှောက်ပေးရန် တာဝန်ရှိမှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်