နယ်ရုံးများ၏သတင်းများ

May 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် နွေရာသီ အားလပ်ရက်များတွင် လူငယ်များ ကျန်းမာကြံ့ခိုင်စေရန်နှင့် ဘက်စုံထူးချွန်၍ ကာယဉာဏစွမ်းရည်များ တိုးတက်လာစေရန်၊ နိုင်ငံတော်အတွက် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးရန် ရည်ရွယ်၍ မြန်မာ့ သိုင်း အခြေခံသင်တန်းကို မေ ၂ ရက်နေ့တွင် စတင်ဖွင့် လှစ်ခဲ့ရာ မေလ ၅ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် မြန်မာ့သိုင်း သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။
May 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပညာရေးဌာနနှင့် မြို့နယ် သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်း ပိတ်ရက် ကျောင်းသား/ ကျောင်းသူ လူငယ်များအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ယဉ်ကျေးလိမ္မာမှုရှိစေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာ  ယဉ်ကျေးမှုသင်တန်းကို အထက(၁)ကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က စတင် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
May 06,2022
အစိုးရဓမ္မာစရိယစာမေးပွဲ  (ဓမ္မသင်္ဂဏီဘာသာရပ်) ဒုတိယနေ့ဖြေဆိုခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက  ညောင်ရွှေမြို့၊ စိန်ရတုပုစ္ဆကကျောင်းဆောင်၌ ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 06,2022
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်ရွှေမြို့နယ်ရုံး  Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
May 06,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်မြင့်မား​ရေးဆွေးနွေးပွဲကို ဌာနဆိုင်ရာ တာဝန်ရှိသူများက​ ယနေ့ နေ့လယ်ပိုင်းတွင် ခင်တန်းကြီးကျေးရွာအုပ်စု ခင်တန်းကြီး​ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 06,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ပြည်သူလူထုများ
May 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လုပ်ငန်းစီမံကိန်းနှင့် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
May 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးရေး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြား ဆုံးဖြတ်နိုင်ရေး၊