ရေတာရှည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်မြင့်မားရေး ဆွေးနွေးပွဲ ဆောင်ရွက်

ရေတာရှည် မေ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း  စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်မြင့်မား​ရေး ဆွေးနွေးပွဲကို  ဌာနဆိုင်ရာ တာဝန်ရှိသူများက​ နေ့ နေ့လယ်ပိုင်းတွင် ခင်တန်းကြီးကျေးရွာအုပ်စု ခင်တန်းကြီး​ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင်  အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ဒေသဖွံ့ဖြိုး တိုးတက်စေရေး အတွက်  စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊  ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုး တိုးတက်စေရေး အတွက် လိုအပ်သည်များအား ဖြည့်ဆည်းညှိနှိုင်းပံ့ပိုး ဆောင်ရွက်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လာရောက်တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မိဘပြည်သူများ အနေဖြင့်လည်း မိမိဒေသဖွံ့ ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်မျာအား  ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်၍စိုက်ပျိုးရေးဦးစီးဌာန  လက်​ထောက်ဦးစီးမှူး ဦးကြည်မြင့်က စိုက်ပျိုးရေးကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း၊ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန ဒုတိယလက်ထောက်ကြီးကြပ်ရေးမှူး ဦးဟိန်းဇာ​အောင်က တိုင်းရင်းကြက်​မွေးမြူ​ရေး၊ တိရစ္ဆာန်များ အစာအဖြစ် ကျွေးမွေးနိုင်သည့် နေဗီယာမြက်များ စိုက်ပျိုးနိုင်ရေး အကြောင်းအရာများနှင့် မွေးမြူရေးကိစ္စရပ်များကို လည်းကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး​ဇော်​ဇော်​ထွေးက စားသုံးသူအခွင့်အ​ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများက သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသိပညာပေး  လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။

ရေတာရှည်(ပြန်/ဆက်)