ညောင်ရွှေမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ညောင်ရွှေ      မေ      ၆

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်ရွှေမြို့နယ်ရုံး  Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့် အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေးအကြောင်းတို့ကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဆွေဆွေအေးက စာပေမှရရှိ သော ဗဟုသုတများအကြောင်းကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ အခြေခံပန်းချီသင်တန်းမှ သင်တန်းသား၊ သင်တန်းသူ ၃၀ ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ