ညောင်ရွှေစာဖြေဌာန၌ အစိုးရဓမ္မာစရိယစာမေးပွဲ  သီလက္ခန္ဓဝဂ္ဂဘာသာ ဆက်လက်ဖြေဆို

ညောင်ရွှေ မေ  ၆

အစိုးရဓမ္မာစရိယစာမေးပွဲ  (ဓမ္မသင်္ဂဏီဘာသာရပ်) ဒုတိယနေ့ဖြေဆိုခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက ညောင်ရွှေမြို့၊ စိန်ရတုပုစ္ဆကကျောင်းဆောင်၌ ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲ (ဓမ္မသင်္ဂဏီဘာသာရပ်)သို့ ဝင်ရောက်ဖြေဆိုရန် ညောင်ရွှေစာဖြေဌာနမှ  သံဃာတော် (၃၅)ပါး စာရင်းပေးသွင်းထားပြီး (၂၁) ပါးဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် စာဖြေ သံဃာတော်များ စာမေးပွဲဖြေဆိုနေမှုကို စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ မြို့နယ်သာသနာ ရေးဦးစီးဌာနမှူး ဦးထက်ဇော်ထွေးနှင့် လူပုဂ္ဂိုလ်များက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ် ကျန်းမာရေးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းအယ်ဘဲ