အောင်မြေသာစံ မေ ၉
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)နှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ သုတစာပေဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်နှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးဌေးအောင်(ဌေးအောင်-မန်းတက္ကသိုလ်) မြို့နယ်စာရေးဆရာအသင်း(နာယက) ဦးလှဘော်(မအူပင်လှဘော်)၊ ဦးကံလှ(မောင်ခိုင်ဖြိုး)၊ မြို့နယ်ဥက္ကဋ္ဌ ဦးထွဏ်းလှအောင်နှင့် အဖွဲ့ဝင်များ၊ စာအုပ်စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်စာရေးဆရာအသင်း(နာယက) ဦးကံလှ(မောင်ခိုင်ဖြိုး)က အမှာစကားပြောကြားပြီး မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်စံပယ်က ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ စာရေးဆရာများက သုတစာပေအကြောင်းကိုလည်းကောင်း၊ ဆရာဦးဌေးအောင်က သတင်းမီဒီယာကောင်စီအကြောင်း သိကောင်းစရာများကိုလည်းကောင်း အသီးသီးဆွေးနွေးကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ-ပြန်/ဆက်)