ဟင်္သာတခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အခြေခံပန်းချီသင်တန်း (အခမဲ့)ဖွင့်လှစ်

ဟင်္သာတ မေ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး (Community Centre)ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပန်းချီပညာသင်တန်းကို ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ဆက် ဦးစီးအရာရှိ ဒေါ်အေးအေးမာက ပန်ချီသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် လူငယ်များအတွက် နွေရာသီအားလပ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ မိမိတို့ကျောင်းပညာရေးတွင်လည်း အသုံးဝင်သည့် ဘာသာရပ်တစ်ခုဖြစ်သဖြင့် စနစ်တကျ တတ်မြောက်အောင် နည်းပြဆရာများ၏ သင်ကြားပေးမူတွင် အလေးထား သင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပန်းချီနည်းပြဆရာ ဦးရဲလင်းအောင်က ယခုသင်တန်းတွင် ပန်းချီရေးဆွဲနည်းနှင့် ပတ်သက်သော အခြေခံနည်းစနစ်များ၊ သဘောတရားများကို သင်ကြားပေးသွားမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို မေလ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၁၅ ဦး တက်ရောက်ကြောင်း သိရသည်။

ကိုဇော်(ပြန်/ဆက်)