ဖားဆောင်းမြို့ဝင် ရတနာစျာန်အောင်စေတီတော်မြတ်ကြီး၌ အသစ်တင်လှူမည့် စိန်ဖူးတော်သစ်မြို့တွင်း တစ်ပတ်လှည့်လည်ပူဇော်ခံ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင်၊ မြို့ဝင်ရတနာစျာန်အောင် စေတီတော်မြတ်ကြီး၌ အသစ်တင်လှူမည့် စိန်ဖူးတော်သစ်မြို့တွင်း လှည့်လည်ပူဇော်ခံခြင်းကို ယနေ့နံနက် (၇)နာရီအချိန် က စိန်ဖူးတော်သစ်တင်လှူပူဇော်ရေး ဂေါပကအဖွဲ့များမှ ဦးဆောင်၍ ပူဇော်ခံထွက်ခဲ့ကြသည်။