ကယားပြည်နယ်

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ကယားပြည်နယ်ရဲတပ်ဖွဲ့မှ ယနေ့ နံနက် (၇)နာရီအချိန်က လွိုင်ကော်မြို့၊ စျေးပိုင်းရပ်ကွက်၊ ဥတ္တရာရုံပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ဖားဆောင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံ ကွင်းဆင်းဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ပြည်သူလူထု၏လိုအပ်ချက်များ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ မြောက်ပိုင်းရပ်ကွက်ရှိ ဒေသခံပြည်သူများအား ဖားစည်သံလွင်ခန်းမ၌ သွားရောက်တွေ့ဆုံ ဆွေးနွေးခြင်း ပြည်သူလူထုလိုအပ်ချက်များ ဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ

နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်း မြို့နယ်အတွင်း ကိုဗစ်-၁၉ အိုမီခရွန် မျိုးရိုးဗီဇပြောင်း BA-4၊ BA-5 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီခွဲအချိန် က ဖားဆောင်း-မယ်စဲ့နှင့် ဖားဆောင်း-မော်ချီး ကားလမ်းဆုံရာ သံလွင်တံတားပူးပေါင်းဂိတ်တွင် ပြုလုပ်ခဲ့သည်။

နယ်စပ်ရေးရာဝန်ကြီးဌာနက ကယားပြည်နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများလှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကယားပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များ ဝါတွင်းကာလ ဆွမ်း၊ ကွမ်း၊ အဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုး ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း

ကယားပြည်နယ် ရဲတပ်ဖွဲ့မှဦးဆောင်မှုဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ (၁) ရက်နေ့တွင်ကျရောက်မည့် (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းကို ခုတင် (၅၀၀) ဆံ့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ ယနေ့နံနက် ၉ နာရီအချိန် က ပြုလုပ်ခဲ့သည်။

ကယားပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂)ကျင်းပ

ကယားပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂)ကို  ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ ဆောင်းနေကြာစိုက်ပျိုးတောင်သူများအား နေကြာမျိုးစေ့ အခမဲ့ထောက်ပံ့ပေးအပ်ခြင်းနှင့် ယူရီးယားဓါတ်မြေဩဇာများအား သက်သာနှုန်းထားဖြင့် ထောက်ပံ့ပေးအပ်

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးစီး၍ ကယားပြည်နယ်အတွင်းရှိ ဆောင်းနေကြာစိုက်ပျိုး တောင်သူ များအား နေကြာမျိုးစေ့အခမဲ့ ထောက်ပံပေးအပ်ခြင်းနှင့် ယူရီးယားဓါတ်မြေဩဇာများကို သက်သာ သောနှုန်းထားဖြင့် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကယားပြည်နယ် ခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လှမိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အသီးသီးမှတာဝန်ရှိသူများနှင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို မြို့နယ်များရှိ နေကြာစိုက်တောင်သူများ တက်ရောက်ကြသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်အတွင်း ကိုဗစ်-၁၉ အိုမီခရွန်မျိုးရိုးဗီဇပြောင်း BA-4 ၊ BA-5 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ သတိပေးနှိုးဆော်မှုနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်က လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေး၌ ပြုလုပ်ခဲ့သည်။

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကယားပြည်နယ်ရဲတပ်ဖွဲ့မှ ၂၀၂၂ ခု အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၇ နာရီအချိန်က လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ မင်းကျောင်းပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း၌ ကယားပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမောင်မောင်ဦး၊ လွိုင်ကော်ခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီးထင်အောင်လင်း တို့ဦးစီး၍ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ၊ လွိုင်ကော်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ လွိုင်ကော်မြို့နယ် ရဲတပ်ဖွဲ့၊ အမှတ်(၅)မှုခင်း ရဲတပ်ဖွဲ့စု (CID)၊ အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (လွိုင်ကော်)၊ လူကုန်တားရဲတပ်ဖွဲ့စု၊ ရဲအရာရှိ/ အရာခံ/ အကြပ်/ တပ်သား/ ရဲမေ တပ်ဖွဲ့ဝင်များ စုစုပေါင်း (၉၂)ဦးခန့်တို့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပါဝင်သော နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်း (၅)ကြောင်းဖြင့် နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ရပ်ကွက်/ကျေးရွာ ပြည်သူများအား တွေ့ဆုံ၍ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဧက(၅၀၀)ရပ်ကွက်နှင့် ရေနီကန်ကျေးရွာတို့၌ ပြုလုပ်ခဲ့သည်။
Subscribe to ကယားပြည်နယ်