မယ်စဲ့မြို့နယ်ပေါ်ရပ်ကွက်သို့ ရေပေးဝေရေးလုပ်ငန်းများ ပုံမှန်ပြန်လည်ဖြန့်ဝေ
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ပေါ်ရပ်ကွက်များသို့ နေ့စဉ်ရေပေးဝေခြင်းလုပ်ငန်းများ ဖြန့်ဝေပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်က ရေဖြန့်ဝေနေမှုအခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။