ဖားဆောင်းမြို့ မွေတော်ပရိယတ္တိတိုက်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများစုပေါင်းသန့်ရှင်းရေးဆောင်ရွက်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်ရှိ မွေတော်ပရိယတ္တိစာသင်တိုက်ဝင်းအတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ခြင်အန္တရာယ်မှ ကင်းဝေးစေရေး၊ ဘုရားပရဝဏ်အတွင်းခြုံနွယ်များ၊ အမှိုက်များ၊ မြက်ပင်များရှင်းလင်းခြင်း၊ အုတ်၊ သဲ၊ ကျောက်များသယ်ခြင်းတို့ကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြသည်။