ကယားပြည်နယ်

မယ်စဲ့မြို့နယ်တွင် တောင်ကျရေစီးဆင်း၍ ရေတိုက်စားမှုကြောင့် မယ်ဆည်နမ်ကျေးရွာ ကွန်ကရစ်တံတားချဉ်းကပ်လမ်း ရေတိုက်စားမှုဖြစ်ပေါ်

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေ  စီးဆင်းမှုကြောင့် နမ့်ပိန်းလင်ကျေးရွာ မယ်စဲ့-ဖားဆောင်း ကားလမ်းပေါ်ရှိ မယ်ပါချောင်း ကွန်ကရစ်တံတား ချဉ်းကပ်လမ်း ရေတိုက်စားမှု ဖြစ်ပွားခဲ့ရာ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းထွန်းလတ်၊ မြို့နယ်လမ်းဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးတို့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်း က လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာများ၊ သက်ကြီးဘိုးဘွားများနှင့် လူမှုအားမာန်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးအိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို  ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ နှစ်ပတ်လည်နေ့ အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်လှမိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

လွိုင်လင်မြို့၌ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲကျင်းပ

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဖြစ်ရာ လွိုင်လင်ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို အောက်တိုဘာလ ၁ ရက် ၊ နံနက်(၁၀) နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပါးစပ်နှင့်နှာခေါင်း တပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign ပြုလုပ်

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် လမ်းသွားလမ်းလာ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီက တိုင်းရွှေပြည် ရန်ငြိမ်းအေးဆုတောင်းပြည့် စေတီတော်ရှေ့နှင့် မယ်စဲ့မြို့အဝင် ရတနာရန်အောင် စေတီတော်ရှေ့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့မွန်းလွှဲပိုင်းက လွိုင်ကော်မြို့၊ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ဘောလခဲမြို့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ပုံမှန်ကာကွယ်ဆေး လုံးဝမထိုးရသေးသူများနှင့် Booster Dose အပိုဆောင်းကာကွယ်ဆေး စတုတ္ထအကြိမ် ဆက်လက်ထိုးနှံပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နေပြည်သူများ ကိုယ်ဗစ်(၁၉)ရောဂါ ကာကွယ်ဆေး လုံးဝမထိုးရသေးသူများ၊ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်နှင့် Booster Dose အပိုဆောင်းကာကွယ်ဆေး စတုတ္ထအကြိမ်မြောက် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထပ်မံထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန် က ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆက်လက်ထိုးနှံပေးလျှက်ရှိသည်။

မယ်စဲ့မြို့နယ်ပေါ်ရပ်ကွက်သို့ ရေပေးဝေရေးလုပ်ငန်းများ ပုံမှန်ပြန်လည်ဖြန့်ဝေ

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ပေါ်ရပ်ကွက်များသို့ နေ့စဉ်ရေပေးဝေခြင်းလုပ်ငန်းများ ဖြန့်ဝေပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်က ရေဖြန့်ဝေနေမှုအခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်