လွိုင်ကော် နိုဝင်ဘာ ၁၀
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်တွင် လွိုင်ကော်မူလတန်း ကြိုကျောင်း၌ ကလေးငယ်များ ကလေးသူငယ်များ၏ အခွင့်အရေးများဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်တို့တွင် ကလေးသူငယ်များအနေဖြင့် ပါဝင်ဆောင်ရွက်ခွင့်ကို အကောင်ထည်ဖော်ဆောင်ပြီး ညာဏစွမ်းရည်ပြိုင်ပွဲကို စုပေါင်း၍ လုပ်ဆောင်ရသည့်အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေပြီး လူမှုပတ်ဝန်းကျင်တွင် ရဲရဲဝံ့ဝံ့ ပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကလေးငယ်များ၏ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို အဆိုပါကျောင်း၌ ယမန်နေ့နံနက် (၉)အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့် ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေး ပြိုင်ပွဲများနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လွိုင်ကော်မူလတန်းကြိုကျောင်း ကလေးသူငယ်များက အကြီးဆင့်၊ အငယ်အဆင့်၊ ကဗျာ/ ရွတ်ဆိုပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)