ကယားပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများက လွိုင်ကော်ကက်သလစ်သာသနာမှ ပြည်နယ် အတွင်းရှိ ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့် တွေ့ဆုံပြီး လှူဖွယ်ဝတ္ထုပစ္စည်းနှင့် ထောက်ပံ့ငွေများ လှူဒါန်း
ကယားပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများက လွိုင်ကော်ကက်သလစ်သာသနာမှ ပြည်နယ်အတွင်းရှိ ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့် တွေ့ဆုံခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရစ်တော်ဘုရင် ဘုရားရှိခိုးကျောင်း၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် လွိုင်ကော်ကက်သလစ်သာသနာမှ ပြည်နယ်အတွင်းရှိ ကျောင်းထိုင်ဘုန်းတော်ကြီးများ တက်ရောက်ခဲ့ကြသည်။