ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဘီလူးချောင်း သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းနှင့် ငါးမွေးတောင်သူများသို့ ငါးမျိုးများပေးအပ်
ကယားပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း ငါးမျိုးများ စိုက်ထည့်ခြင်းနှင့် ငါးမွေးတောင်သူများသို့ ငါးမျိုးများပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနအနီး ဘီလူးချောင်း သဘာဝရေပြင်၌ ကျင်းပ ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ငါးမွေးတောင်သူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။