ကယားပြည်နယ်

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉‌ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို  ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(၇၁)နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းကျောင်းကတ္တရာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

(၇၁)နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့၊ မင်းစုရပ်ကွက် မင်းကျောင်းကတ္တရာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

အိမ်ထောင်စုလူဦးရေစာရင်းများ တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းကောက်ယူ (Working group)မြေပြင်စာရင်းကောက်ယူမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် မြေပြင်အခြေခံလူဦးရေစာရင်း မှန်ကန်စွာရရှိစေရေးနှင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် ယမန်နေ့နံနက်(၁၀:၀၀)နာရီက စတင်၍ သက်ဆိုင်ရာရပ်ကွက် ကောက်ကွက်များအလိုက် အိမ်ထောင်စုလူဦးရေစာရင်းများကို တာဝန်ရှိသူများက တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းကောက်ယူလျက်ရှိသည်။

(၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့တွင်း ဦးသီရိလမ်း ကတ္တရာကွန်ကရစ် (AC) လမ်းဖွင့်ပွဲအခမ်းအနားကျင်းပ

(၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၊ ဦးသီရိလမ်း ကတ္တရာကွန်ကရစ်(AC)လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

မယ်စဲ့မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းမြေပြင်ကွင်းဆင်းကောက်ယူ

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်စေရေးတွက် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက တောင်ပိုင်းရပ်ကွက်၌ စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ်တွင် ​မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်း​ကောက်ယူ​ရေးအဖွဲ့ (Working Group) များမှ အိမ်​ထောင်စုလူဦး​​ရေစာရင်း ​မြေပြင်ကွင်းဆင်း​ကောက်ယူ

ကယားပြည်နယ်၊​​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ​မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်း​ကောက်ယူ​ရေးအဖွဲ့ (Working Group)များမှ ​အိမ်​ထောင်စုလူဦး​ရေစာရင်း ​မြေပြင်ကွင်းဆင်း​ကောက်ယူခြင်းကို ယ​နေ့နံနက်ပိုင်းမှစတင်၍ ​တောင်ပိုင်းရပ်ကွက်နှင့်​မြောက်ပိုင်းရပ်ကွက်အတွင်း ​ကောက်ယူခဲ့ရာ ​မြို့နယ်​မြေပြင်ကွင်းဆင်းကောက်ယူ​ရေးကြီးကြပ်မှု​ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့်အဖွဲ့ဝင်များက ကြည့်ရှုခဲ့​ကြောင်း သိရသည်။

ကယားပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီ၏ လူသုံးကုန်ထုန်လုပ်မှုနည်းပညာသင်တန်း ဒုတိယအကြိမ်မြောက်ဖွင့်လှစ်

ကယားပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီ၏ လူသုံးကုန်ထုန်လုပ်မှုနည်းပညာသင်တန်း ဒုတိယအကြိမ်မြောက်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၌ ကျင်းပရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆပ်ကော်မတီ၀င်များ၊ သင်တန်းဆရာများနှင့်သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဖား​ဆောင်းမြို့နယ် ဝမ်​အောင်းကယား​ကျေးရွာ အလယ်တန်း​ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာ​ရေးစုံညီပွဲ​တော်နှင့်ကာယ၊ ဉာဏ ထူးချွန်ဆုများ​ပေးအပ်ချီးမြှင့်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ ဝမ်​အောင်းကယား​ကျေးရွာ အလယ်တန်း​ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာ​ရေးစုံညီပွဲ​တော်နှင့် ကာယဉာဏထူးချွန်ဆုများ​ပေးအပ်ပွဲအခမ်းအနားကို ယမန်​နေ့က ဝမ်​အောင်းကယား​ကျေးရွာအ​ခြေခံပညာအလယ်တန်း​ကျောင်း​ရှေ့၌ ကျင်းပခဲ့သည်။

လွိုင်ကော်​​မြို့၌ သန့်ရှင်းလတ်ဆတ်သည့် အသားငါးများ စားသုံးနိုင်​ရေး​ ​ကွင်းဆင်းစစ်ဆေး

ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး၊ ငါးလုပ်ငန်းဦးစီးဌာန၊ လွိုင်ကော်မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ FDA၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပါဝင်သည့် အဖွဲ့သည် စားသုံးသူတို့၏ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အသားငါးများ သန့်ရှင်းလတ်ဆတ်မှုရှိမရှိကို ဇန်နဝါရီလ ယမန်နေ့ နံနက် (၈)နာရီအချိန်က လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည််။

ဘောလခဲမြို့ အထကကျောင်း၌၂၀၂၂-၂၀၂၃ ခုနှစ်   ပညာရေးစုံညီပွဲတော်ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့၊ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်ကကျင်းပသည်။
Subscribe to ကယားပြည်နယ်