ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများသို့ ဆန်များ ထောက်ပံ့ပေးအပ်

လွိုင်ကော် ဖေဖော်ဝါရီ ၁

ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများသို့ ဆန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ လွိုင်ကော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးဝင်းဇော်နိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုကာလတွင် ဝန်ထမ်းများ၏ အခက်အခဲများအတွက် တစ်ဘက်တစ်လမ်းမှ  ယခုလိုကူညီထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့၏ လုပ်ငန်းတာဝန်များကို ကြိုးစားဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ဆန်များအား လွိုင်ကော်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ တို့က ခရိုင်၊ မြို့နယ်အဆင့်ဝန်ထမ်းများအား အသီးသီးပေးအပ်ခဲ့ကြသည်။

ယနေ့ အခမ်းအနားတွင် လွိုင်ကော်ခရိုင်ရှိ ဌာနဆိုင်ရာဝန်ထမ်းဝန်ထမ်း (၃၆၉)ဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း (၄၆၂)ဦးအတွက် ဆန်အိတ်စုစုပေါင်း (၂၀၈) အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)