မယ်စဲ့ ဇန်နဝါရီ ၃၀
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် အခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မယ်စဲ့မြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် ပန်တိန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ အပိုဆောင်းကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဌာနမှ အထက်တန်းသူနာပြု ဒေါ်နန်းဝင်းကြည်နှင့် ကျန်းမာရေးဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများက အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးမထိုးနှံမီ မှတ်တမ်းအချက်အလက်များ စနစ်တကျ ဖြည့်သွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် အခြားရောဂါ ရှိ/ မရှိ စစ်ဆေးမေးမြန်းပြီးမှသာ ပထမအကြိမ် ကိုဗစ်-၁၉ အပိုဆောင်း ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ အပိုဆောင်း ကာကွယ်ဆေး ထိုးနှံနေမှုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမောင်မောင်ထွေး၊ ခရိုင်ပညာရေးမှူး ဦးဝင်းအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်မင်းမင်းသန်းနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ ဆက်)