ကယားပြည်နယ်

၂၀၂၂-၂၀၂၃ ခုနှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့၊ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပသည်။

ကယားပြည်နယ် စားသုံးသူရေးရာကော်မတီ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ် စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃)ကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်စားသုံးသူရေးရာကော်မတီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖား​ဆောင်းမြို့နယ်တွင် (၇၅)နှစ်​မြောက် စိန်ရတုလွတ်လပ်​ရေး​နေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ

ကယားပြည်နယ်၊​​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အ​ခြေခံပညာဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် မြို့နယ်အတွင်းရှိအ​ခြေခံပညာ​ကျောင်း​ပေါင်းစုံမှ ​ထက်၊ လယ်၊ မူအဆင့် ကျောင်းသား၊​ ကျောင်းသူများအား ဉာဏစွမ်းရည်၊ ကာယစွမ်းရည်ပြည့်ဝ​စေရန်အတွက် ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာ​ရေးပြိုင်ပွဲ၊ အားကစားပြိုင်ပွဲနှင့်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ပြုလုပ်သည့်​ မူလတန်းဆင့်​ဆေး​ရောင်ခြယ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆု​ပေးပွဲအခမ်းအနားကို ယမန်​နေ့နံနက် (၉)နာရီအချိန်က အ​ခြေခံပညာအထက်တန်း​ကျောင်း ပညာရတနာခန်းမ​ဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖား​ဆောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကျင်းပ

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက မြို့နယ်အထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အလံတင် အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၄ နာရီ ၂၀ မိနစ်အချိန်က လွိုင်ကော်မြို့၊ ကန္တာဟေဝန်ပန်းခြံ (ကျောက်သားရင်ပြင်)၌ ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်ကော်မြို့၌  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ကျောင်းပေါင်းစုံ အမျိုးသား ၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကယားပြည်နယ် ၊ လွိုင်ကော်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးမိသားစုတို့ ပူးပေါင်းကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်း လွဲပိုင်းက လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်ဖူဆယ်အားကစားရုံ၌ ကျင်းပပြု လုပ်ခဲ့သည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များ လွိုင်ကော်မြို့တွင် ဖြန့်ဝေ

၂၀၂၃-ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်း၌ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ရိုးရာအားကစားပြိုင်ပွဲများကို  လွိုင်ကော်မြို့၌ကျင်းပ

(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ရိုးရာအားကစား ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က ကယားပြည်နယ် လွိုင်ကော်မြို့ရှိ အခြေခံပညာကျောင်း များ၊ ပြည်နယ်အားကစားကွင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း အားကစားရုံများ၌ ပျော်ရွှင်စွာ ကျင်းပပြုလုပ်လျက်ရှိသည်။

ပွန်ချောင်းရေတင် ဟင်းသီးဟင်ရွက်စိုက်ခင်းဖြင့် ‌ဒေသခံစိုက်ပျိုးတောင်သူများ အပိုဝင်ငွေရရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင်းရှိ ပွန်ချောင်းဘေးတစ်လျှောက် နှုန်းတင်မြေနုများပေါ်တွင် ဒေသခံစိုက်ပျိုးတောင်သူများမှ တစ်ပိုင်တစ်နိုင်စိုက်ခင်း များဖြင့် အပိုဝင်ငွေများရရှိ၍ အဆင်ပြေလျက်ရှိသည်။

ဖားဆောင်းမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က (ကထက)ဖားဆောင်းကျောင်းပညာရတနာခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ကယားပြည်နယ်