ဖား​ဆောင်းမြို့နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲ​တော် ဖွင့်ပွဲအခမ်းအနားကျင်းပ

ဖား​ဆောင်း             ဧပြီ           ၁၅

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၏ ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ၁၃-၄-၂၀၂၃ ရက်နေ့ ည​နေ ၃ နာရီအချိန်က ​မြောက်ပိုင်းရပ်ကွက်၊ ဗဟိုသင်္ကြန်မဏ္ဍပ်၌ ကျင်းပခဲ့​ကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်မြင့်ဦးက အဖွင့်အမှာစကား​ပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ယိမ်းအဖွဲ့ဝင်များက “မန်း​တောင်ရိပ်ခို”သီချင်းဖြင့် စု​ပေါင်းသီဆိုကပြ​ဖျော်​ဖြေ တင်ဆက်ခဲ့ကြ​ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ်မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲ​တော်ကို သင်္ကြန်အကြို​နေ့မှ အတက်နေ့အထိ ယိမ်းအဖွဲ့များမှကပြ​ဖျော်​ဖြေခြင်း၊​ ခေတ်​ပေါ်တီးဝိုင်းဖြင့်သီဆို​ဖျော်​ဖြေခြင်း၊ ဌာနဆိုင်ရာများနှင့်​​ဒေသခံပြည်သူများမှ စတုဒိတာဧည့်ခံ​ကျွေး​မွေးခြင်းဖြင့် စည်းကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်​ကြောင်းနှင့် ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ယိမ်းအဖွဲ့ဝင်များ၊ ရပ်ကွက်၊​ ကျေးရွာအုပ်ချုပ်​ရေးမှူးများ တက်ရောက်ခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)