သင်္ကြန်(အကျနေ့)တွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်မဟာသင်္ကြန်ရေသဘင်ပွဲတော်မဏ္ဍပ်များသို့ လှည့်လည်အားပေး

လွိုင်ကော် ဧပြီ  ၁၅

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ယနေ့ (သင်္ကြန်အကျနေ့ ) ၁၃၈၄ခု၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအတာသင်္ကြန်ရေသဘင်ပွဲတော်ကို မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် မဏ္ဍပ်အသီးသီး၌ ပြည်သူများအေးချမ်းပျော်ရွင်စွာဖြင့် ဆက်လက်ကျင်းပနေမှုကို ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက တက်ရောက် အားပေးခဲ့သည်။

သင်္ကြန်ပွဲတော်(အကျနေ့)တွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မဟာသင်္ကြန် ဗဟိုမဏ္ဍပ်တွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ စတုဒိသာ ဧည့်ခံကျွေးမွေးနေမှုများ၊ ယိမ်းအဖွဲ့များ၏ ယှဉ်ပြိုင်နေမှုများ၊ မြန်မာ့ဂီတနှင့် ခေတ်ပေါ် တေးဂီတ ဖျော်ဖြေရေးအစီအစဉ်များ၊ ပြည်သူများ ပျော်ရွင်အေးချမ်းစွာ သင်္ကြန်ရေကစားနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

 ဗဟိုမဏ္ဍပ်တွင် ယနေ့၌ ပိတောက်ပျိုစင်မေ၊ တန်ခူးမေ၊ နွေဦးရွှေပန်းချီ၊ လမ်းပန်းပျိုမဒီနှင့် ရွှေသင်္ကြန်၊ ငွေသင်္ကြန် ယိမ်းအဖွဲ့တို့က ပါဝင်ယှဉ်ပြိုင်ကပြကြပြီး ပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်းရှင်များက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြပြီး သင်္ကြန်အကြတ်နေ့နှင့် အတက်နေ့တွင် အခြားပြိုင်ပွဲဝင် ယိမ်းအဖွဲ့များက ဆက်လက်ယှဉ်ပြိုင် ကပြသွားမည်ဖြစ်သည်။

 ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) အတာရေသဘင်မဏ္ဍပ်သို့ သွားရောက်၍ ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများနှင့် သင်္ကြန်တေး သံသာများ ဖျော်ဖြေမှုများကိုကြည့်ရှု့အားပေး၍ ဂုဏ်ပြုဆုငွေများချီးမြှင့်ကာ စတုဒိသာ ဧည့်ခံ ကျွေးမွေးမှု၊ သင်္ကြန်ရေသဘင်ပွဲတော် ဆင်နွှဲနေမှုများကို အားပေးခဲ့ကြသည်။

အလားတူ ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များနှင့်  ဖားဆောင်းမြို့နယ် မဟာသင်္ကြန် ရေသဘင်ပွဲတော်မဏ္ဍပ်များတွင် ပြည်သူများ ပျော်ရွှင်စွာရေကစားနိုင်ရန်အတွက် ဖျော်ဖြေရေးအစီအစဉ်များနှင့် စတုဒိသာကျွေးမွေးလှူဒါန်းခဲ့ကြ ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)