ကယားပြည်နယ်

ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုနှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကယားပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နွေရာသီအားကစားသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် လူငယ်ရေးရာကော်မတီနှင့် အားကစားနှင့် ကာယပညာကော်မတီတို့မှ ကြီးမှူးကျင်းပသော လူငယ်ရေးရာပညာပေးဟောပြောပွဲနှင့် နွေရာသီအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် (၇)နာရီခွဲတွင် တောင်ကြီးမြို့ ပြည်နယ်အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကယားပြည်နယ်၊ မူးယစ်ဆေးဝါးပပျောက်ရေး စီမံကိန်းမြို့နယ်များတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မျိုးသန့်ဝက်များနှင့် ဒေသကြက်များ ထောက်ပံ့

ကယားပြည်နယ်အစိုးရအဖွဲ့မှ မူးယစ်ဆေးဝါး ပပျောက်ရေးစီမံကိန်းဝင်မြို့နယ်များတွင် အစားထိုးဖွံ့ဖြိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မျိုးသန့်ဝက်များနှင့် ဒေသကြက်များ ထောက်ပံ့ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

လွိုင်ကော်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန် ၊ ဆီ ၊ ပဲနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ ၊ ရပ်ကွက်နေပြည်သူများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန် ၊ ဆီ ၊ ပဲနှင့် ထောက်ပံ့ငွေများ ထောက်ပံ့လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ၊ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

လွိုင်ကော်မြို့၌ သက်ကြီးဘိုးဘွားပူဇော်ပွဲကန်တော့ပွဲအခမ်းအနား ကျင်းပ

၁၃၈၆ ခု၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ လွိုင်ကော်မြို့ရှိ ရေကစားမဏ္ဍပ်များသို့ တက်ရောက်အားပေး

ယမန်နေ့(သင်္ကြန်အကြတ်နေ့) နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်များ၌ ယိမ်းအကများဖြင့် ကပြဖျော်ဖြေတင်ဆက်မှုများ၊ ရေကစားခြင်း၊ စတုဒီသာကျွေးမွေးခြင်းများဖြင့် စည်ကားစွာ ကျင်းပပြုလုပ်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ရေကစားမဏ္ဍပ်များသို့ တက်ရောက်အားပေးခဲ့ကြသည်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)မိသားစုရေကစားမဏ္ဍပ်သို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေး

ယမန်နေ့(သင်္ကြန်အကျနေ့) နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ယိမ်းအကများဖြင့် ကပြဖျော်ဖြေတင်ဆက်မှုများ၊ ရေကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားစွာကျင်းပပြုလုပ်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) မိသားစုရေကစားမဏ္ဍပ်သို့ တက်ရောက်အားပေးခဲ့ကြသည်။

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ၁၃၈၅ ခု၊မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှုး၍ ကျင်းပပြုလုပ်သော ၁၃၈၅ ခု၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ (သင်္ကြန်အကြိုနေ့) နံနက်ပိုင်းက လွိုင်ကော်မြို့ရှိ ဗဟိုမဏ္ဍာပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်ကော်မြို့၌ ပြည်သူစစ်(ဌာနေ)အခြေခံစစ်ပညာသင်တန်းအမှတ်စဉ်(၂/၂၀၂၄)(ပစ်ခတ်စဉ်ပါ) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ပြည်သူ့စစ်(ဌာနေ) အခြေခံစစ်ပညာသင်တန်း (၂/၂၀၂၄)(ပစ်ခတ်စဉ်ပါ) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
Subscribe to ကယားပြည်နယ်