မယ်စဲ့မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေများကို ကျေးရွာပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့

မယ်စဲ့ နိုဝင်ဘာ ၁၅

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်စဉ်ကာလအတွင်း နိုင်ငံတော်က ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စတုတ္ထအကြိမ်အဖြစ် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယမန်​နေ့က ကျေးရွာများအရောက် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ ဘောလခဲခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လမ်းဆုံကျေးရွာ အိမ်ထောင်စု ၂၄ စု၊ လယ်တောကျေးရွာ အိမ်ထောင်စု ၁၁ စု၊ ဟိုဂျစ်ကျေးရွာ အိမ်ထောင်စု ၃၁ စု၊ ဟိုဖကျေးရွာ အိမ်ထောင်စု ၁၀ စု၊ တောင်လှကျေးရွာ အိမ်ထောင်စု ၂၀ စု တို့အတွက် အိမ်ထောင်စုတစ်စုလျင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ကျေးရွာပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ကျေးရွာများသို့လည်း ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ဆက်လက်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)