ရွာသစ် နိုဝင်ဘာ ၂၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ၏ သီးနှံစိုက်ခင်း များအား ပိုးမွှားများကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းကို ယနေ့ နံနက်ပိုင်းက စံပြစိုက်ကွက်များ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရွာသစ်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူ ဦးဦးရယ်နှင့် ဝန်ထမ်းများက တောင်သူများ၏ ဆောင်းသီးနှံ စံပြစိုက်ကွက်များအား ပိုးမွှားများ ကျရောက်မှုမရှိစေရေး၊ အပင်နှင့် အသီးများ ကောင်းစွာ ဖွံ့ဖြိုးနိုင်စေရန် နည်းပညာများလည်း တောင်သူများထံ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရ သည်။
နန်းဆွေဆွေအေး (ပြန်/ဆက်)