ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြု လူနာ နှစ်ဦး တွေ့ရှိ

လွိုင်ကော် နိုဝင်ဘာ ၁၈

ကယားပြည်နယ်အတွင်း အသွားအလာ ကန့်သတ်ခြင်း ခံထားရသူ (၁၁၈)ဦး၏ ဓာတ်ခွဲ နမူနာများကို (၁၆.၁၁.၂၀၂၀) ရက်နေ့တွင် တောင်ကြီးမြို့ ၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (PHL)သို့ ပေးပို့စစ်ဆေးခဲ့ရာ (၁၇.၁၁.၂၀၂၀) ရက်နေ့ တောင်ကြီးမြို့ ၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (PHL)၏ ဆေးစစ်ဆေးချက်အဖြေ ထုတ်ပြန်ချက်အရ (၁၁၆)ဦး၏ အဖြေမှာ Negative ဖြစ်ပြီး (၂) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ (ပိုးတွေ့ရှိ) ရကြောင်း သိရှိရသည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူမှာ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် နေထိုင်သူ အသက်(၃၅)နှစ်အရွယ် ကုန်တင်ယာဉ် နောက်လိုက် အမျိုးသားတစ်ဦးဖြစ်ပြီး (၁၄-၁၁-၂၀၂၀) ရက်နေ့ ပိုးတွေ့လူနာ အသက် (၂၈)နှစ်အရွယ် ကုန်တင်ယာဉ်မောင်း အမျိုးသားနှင့် ထိတွေ့ခဲ့သူဖြစ်သဖြင့် လွိုင်ကော် န.တ.လ သင်တန်းကျောင်း(Facility Quarantine)တွင် အသွားအလာကန့်သတ် ထားရှိသူ ဖြစ်ပြီး (၁၆.၁၁.၂၀၂၀) ရက်နေ့တွင် တောင်ကြီးမြို့ PHL သို့ ပေးပို့စစ်ဆေးခဲ့ရာ (၁၇.၁၁.၂၀၂၀) ရက်နေ့ တောင်ကြီးမြို့ PHL ၏ ဆေးစစ်ဆေးချက်အဖြေ ထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့ရှိ (ပိုးတွေ့ရှိ)ရကြောင်း သိရှိရသည်။

ရောဂါပိုးတွေ့ရှိသူ နောက်တစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် နေထိုင်သူ အသက် (၅၂)နှစ်အရွယ် ကုန်တင် ယာဉ်မောင်း အမျိုးသားတစ်ဦး ဖြစ်ပြီး (၁၄-၁၁-၂၀၂၀) ရက်နေ့ ပိုးတွေ့လူနာ အသက် (၂၈)နှစ်အရွယ် ကုန်တင်ယာဉ်မောင်း အမျိုးသားနှင့် ထိတွေ့ခဲ့သူဖြစ်သဖြင့် လွိုင်ကော် န.တ.လ သင်တန်းကျောင်း(Facility Quarantine)တွင် အသွားအလာကန့်သတ် ထားရှိသူ ဖြစ်ပြီး (၁၆.၁၁.၂၀၂၀) ရက်နေ့တွင် တောင်ကြီးမြို့ PHL သို့ ပေးပို့စစ်ဆေးခဲ့ရာ (၁၇.၁၁.၂၀၂၀) ရက်နေ့ တောင်ကြီးမြို့ PHL ၏ ဆေးစစ်ဆေးချက်အဖြေ ထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့ရှိ (ပိုးတွေ့ရှိ) ရကြောင်း သိရှိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ နှစ်ဦး၏ လက်ရှိကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်သို့ ပြောင်းရွှေ့၍ စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိပါကြောင်း သိရှိရသည်။

ကယားပြည်နယ်၊ ဒီးမော့ဆို မြို့နယ်ဆေးရုံမှ ပိုးတွေ့လူနာ ကျား (၁) ဦးနှင့် လွိုင်ကော် ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူလျက် ရှိသော ပိုးတွေ့ လူနာ ကျား (၅) ဦး၊ မ (၁)ဦး စုစုပေါင်း (၇) ဦး၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ် ကောင်းမွန်လျက် ရှိကြောင်း သိရှိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)