ဒီးမော့ဆို နိုဝင်ဘာ ၂၃
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အား အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီ ခွဲအချိန်က ဒီးမော့ဆိုမြို့နယ်၊ ဝါဘန်းပလို့ကျေးရွာအုပ်စု၊ ဝါဘန်းပလို့ကျေးရွာ ခန်းမဆောင်၌ အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု သင်တန်းအမှတ်စဉ်(၁/၂၀၂၀)ကို ဖွင့်လှစ်ပေး သည်။
ဖွင့်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ဆိုင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်တို့က အမှာ စကားပြောကြားကြပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နော်ချောစု က သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
သင်တန်းတွင် ဝါဘန်းပလို့ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ အမျိုးသမီး(၂၅)ဦး တက်ရောက်ကြပြီး အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းများဖြစ်သော Hand gel၊ Hand wash၊ ခေါင်းလျှော်ရည်၊ ဘက်စုံသုံးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာခဲ၊ လက်ဆေးဆပ်ပြာခဲ ပြုလုပ်နည်း တို့ကို ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ နိုဝင်ဘာလ (၂၃) ရက်နေ့မှ ဒီဇင်ဘာလ (၂) ရက်နေ့အထိ (၁၀) ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကြီးဒဲရယ်