မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ စာရေးဆရာ အောင်သင်း၏ ရည်မှန်းချက်နှင့်ပြဿနာအထွေထွေစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

မယ်စဲ့  နိုဝင်ဘာ ၂၃

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ Book Club၊ Women Club နှင့် Youth Club တို့ ပူးပေါင်း၍ စာရေးဆရာ အောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာ အထွေထွေစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စောဝတ်ရည်၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ကိုပြည့်ဖြိုးဝင်းတို့က လူငယ်များအတွက် ဘဝရည်မှန်းချက်ရှိသင့်ကြောင်း၊ အဓိကအားဖြင့် ရည်မှန်းချက်သုံးရပ်ဖြစ်သည့် ဩဇာ၊ အာဏာ၊ အသပြာ တို့သည် တစ်ကယ့်လူမှုဘဝတွင် လိုအပ်ကြောင်း၊ ရည်မှန်းချက်သည် တစ်ခါတစ်ရံ ပတ်ဝန်းကျင်ကိုလိုက်၍ ပြောင်းလဲသွားတတ်ကြောင်းနှင့် ယနေ့လူငယ်များအတွက် အလွန်ဖတ်သင့်သည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း တို့ကို ဦးဆောင်ဆွေးနွေးရာ Women Club အဖွဲ့ဝင် ဒေါ်မေသူဌေးနှင့် Youth Club အဖွဲ့ဝင် မနန်းလောင်ခမ်း တို့က ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)