ဖား​ဆောင်းမြို့နယ်တွင် ကျန်းမာ​ရေးလိုက်စားသူများအား လိုက်ပါ​ဆောင်ရွက်နိုင်ရန်အတွက် Physical Fitness Dance ကို Online မှ တစ်ဆင့်တင်ဆက်

ဖား​ဆောင်း နိုဝင်ဘာ ၂၀

ကယားပြည်နယ်၊ ဖား​ဆောင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနက ကိုဗစ်-၁၉ ကာလ အတွင်း stay at home ​နေထိုင်​သော မိဘပြည်သူများအ​နေဖြင့် ကျန်းမာကြံ့ခိုင်​​​စေရန်နှင့်ကျန်းမာ​ရေး လိုက်စားသူများ လိုက်ပါ​ဆောင်ရွက်နိုင်ရန်အတွက် Physical fitness Dance အား Online မှ တစ်ဆင့် တင်ဆက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

“အားကစားနှင့်ကာယပညာဦးစီးဌာနအ​နေဖြင့် မြို့နယ်အတွင်းရပ်/ကွက်၊​ ကျေးရွာများရှိ ပြည်သူများ အားကစားလူငယ်များ အားကစားနှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်လာ​စေရန်အတွက် မြို့နယ်အတွင်း ပြိုင်ပွဲများ၊ ပြည်နယ်အဆင့် ပြိုင်ပွဲများကိုလည်း ယခင်နှစ်များတွင် ​ဆောင်ရွက်​ပေးခဲ့​ကြောင်း ယခုနှစ် တွင် ကိုဗစ်-၁၉ ​ရောဂါ ကူးစက်ပျံ့နှံ့မှု​ကြောင့် အားကစားပြိုင်ပွဲများကို ​ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ အတွက် ကျန်းမာကြံခိုင်ဖို့ Physical Fitness Dance ကို Onile  က​နေတစ်ဆင့် တနင်္လာ​​နေ့မှ​သောကြာ​နေ့အထိ ထုတ်လွင့်ပေးလျက်ရှိပြီး ဖား​ဆောင်းမြို့နယ်အ​နေဖြင့် မြို့နယ်ကိုယ်စားပြု လှုပ်လှုပ်ရှားရှား လူထုအားကစား Physical Fitness Dance Online Challenge ပြိုင်ပွဲကို စိတ်ပါဝင်စား​သော ပြည်သူ(၅၀)ဦး ဝင်​ရောက်ယှဉ်ပြိုင်လျက်ရှိ​ကြောင်း” မြို့နယ်အား/ကာမှူး ဦး​ကျော်ဇင်ထက်ထံမှ သိရ သည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)