မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း လွိုင်ကော်တွင် ကျင်းပ

လွိုင်ကော် စက်တင်ဘာ ၃

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာလ ၁ ရက်နေ့နံနက်က လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်၊ မိုးကောင်းဘုရားကြီးဓမ္မာရုံ၌ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသန့်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVN)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူရက မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် မင်္ဂလာရပ်ကွက်၊ မိုင်းလုံးရပ်ကွက်နှင့် ဓမ္မာရုံရပ်ကွက်တို့မှ မဲဆန္ဒရှင်ပြည်သူ(၃၂၀)ဦးက စိတ်ပါဝင်စားစွာ လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ကြရာ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုတွတ် (ပြန်/ဆက်)