လွိုင်ကော်မြို့၌ ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ် အရုဏ်ဆွမ်း ကပ်လှူခြင်းနှင့် နှစ်ပတ်လည်အခမ်းအနား ကျင်းပ

လွိုင်ကော် ဩဂုတ် ၃၁

ကယားပြည်နယ် ဥပဒေရေးရာဝန်ကြီးဌာ၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်ကို ယနေ့နံနက်က ပြည်နယ်ဥပဒေချုပ်ရုံ၌ ကျင်းပရာ ပြည်နယ်ဥပဒေချုပ် ဦးကြည်မြိုင်၊ ပြည်နယ်ဥပဒေအရာရှိ ဦးကျော်မင်းနိုင်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဝန်ထမ်းများက ဆရာတော်၊ သံဃာတော်များထံမှ (၉) ပါးသီလခံယူ ဆောက်တည်ကာ အရုဏ်ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

နေ့လည်ပိုင်းတွင် နှစ်ပတ်လည်နေ့အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဥပဒေချုပ်က နှစ်ပတ်လည်နေ့ ဂုဏ်ပြုအမှာစကားပြောကြားပြီး ပြည်နယ်ဥပဒေအရာရှိက နှစ်ပတ်လည်နေ့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ဥပဒေရေးရာဝန်ကြီးဌာနမှ ပေးပို့သည့် Video Clip ပြသပြီး စွမ်းဆောင်ရည်မြှင့်သင်တန်းများတွင် ဆုရရှိသူများ၊ ဥပဒေအရာရှိစာတမ်းတွင် ဆုရရှိသူများအား ကြေညာခြင်း၊ အားကစားလှုပ်ရှားမှုများတွင် ဆုရရှိသူများနှင့် စွမ်းဆောင်ရည်မြှင့်သင်တန်းများတွင် ဆုရရှိသူများကို ဆုများအသီးသီး ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။  

ကိုတွတ်(ပြန်/ဆက်)