ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံရခြင်းမရှိသေးသည့် သံဃာတော်များနှင့် ပြည်သူများအား ပဉ္စမအသုတ် ပထမအကြိမ် ဆက်လက် ထိုးနှံပေး
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံရခြင်း မရှိသေးသည့် အသက်(၁၈)နှစ်အထက် သံဃာတော်အရှင်သူမြတ်များနှင့် ပြည်သူများအား ပဉ္စမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။