ကိုဗစ်-၁၉ တတိယလှိုင်းအတွင်းကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်ချုပ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်သူများအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်

ဘောလခဲ  ဒီဇင်ဘာ  ၅

ကယားပြည်နယ်၊ဘောလခဲခရိုင်၊ဘောလခဲမြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ကိုဗစ် -၁၉ ရောဂါကာကွယ်ကုသထိန်ချုပ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက် သူများအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးတင်ထွဋ်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် တက်ရောက်လာကြသည့် ပရဟိတအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများအား ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကယားပြည်နယ်အစိုးရအနေဖြင့် ကိုဗစ်-၁၉ တတိယလှိုင်းအတွင်းကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်ချုပ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်း တမံကြိုးစားဆောင်ရွက်သူများအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ယနေ့ ပေးအပ်ရခြင်းမှာလည်း အပြည်ပြည်ဆိုင်ရာ စေတနာ့ဝန်ထမ်းများနေ့အဖြစ် ပေးအပ်ရခြင်း ဖြစ်ပါကြောင်း၊ Quarantine Centre တွင် ဝင်​ရောက်နေသောသူများအတွက် ရေသန့် လှူပေးသည့် လုပ်ငန်းရှင်များအား နိုင်ငံတော်၏ကိုယ်စား၊ကယားပြည်နယ်အစိုးရ၏ကိုယ်စား ဘောလခဲ ​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များသည် ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်းချုပ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကြိုးစား ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်များ​​ဖြစ်​သော ရွှေဘောလခဲ ပရဟိတအဖွဲ့၊ ထာဝရတွဲလက်များအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊မီးသတ်တပ်ဖွဲ့၊ကျန်းမာရေးဝန်ထမ်းများ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ဂုဏ်ပြုဆုများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

​ဘောလခဲခရိုင် (ပြန်/ဆက်)