ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ယမန်နေ့ ထပ်မံတွေ့ရှိသူ (၅) ဦးရှိပြီး သေဆုံးသူ(၁)ဦးနှင့် ဆေးရုံဆင်းခွင့်ရသူ (၅၅၀၆)ဦးရှိ

ကယား ဒီဇင်ဘာ ၆

ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ဒီဇင်ဘာလ (၅)ရက်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသ သူများ၊ ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူ(၂၀၉)ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ ပိုး​တွေ့လူနာ (၅)ဦး တွေ့ရှိပါသဖြင့် ပိုးတွေ့လူနာသစ် (၅)ဦးအား  ဘောလခဲမြို့နယ် ဆေးရုံတွင် (၄)ဦးနှင့် တပ်မ​တော်ဆေးရုံတွင် (၁)ဦး ထားရှိကုသပေး လျက်ရှိကြောင်း သိရှိရသည်။

ယမန်နေ့တွင် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၅) ဦးရှိရာ ယခုထပ်မံ တွေ့ရှိချက်အရ ကယားပြည်နယ်တွင် အတည်ပြုလူနာ စုစုပေါင်း (၅၈၂၄)ဦး၊ ဆေးရုံဆင်းလူနာ (၅၅၀၆)ဦးရှိပြီး ယမန်နေ့က သေဆုံးလူနာ(၁)ဦးရှိရာ လွိုင်ကော်မြို့နယ်တွင်ဖြစ်ပြီး သေဆုံးလူနာ စုစုပေါင်းမှာ(၂၃၇)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၃၃) ဦး၊ Positive Medical Centre များတွင် (၃)ဦး၊ ဘောလခဲမြို့နယ်တွင် (၂၇)ဦး၊ ဖားဆောင်းမြို့နယ်တွင် (၁၁)ဦး၊ မယ်စဲ့မြို့နယ်တွင် (၄)ဦး၊ ရှားတောမြို့နယ်တွင် (၂)ဦးနှင့် မိုးဗြဲဆေးရုံတွင်(၁)ဦး ​စုစုပေါင်းလူနာ (၈၁) ဦးတို့အား ကုသပေးလျက်ရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)