ကယားပြည်နယ် ဒီဇင်ဘာ ၁၃
ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ယမန်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ( ၆၇) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ ပိုးတေွ့လူနာ (၂)ဦး တေွ့ရှိပါသဖြင့် ၎င်းပိုးတွေ့ လူနာသစ် (၂)ဦးအား လွိုင်ကော်ဆေးရုံကြီးတွင်ထားရှိ ကုသပေးလျက်ရှိကြောင်း သိရှိရသည်။
ယနေ့တွင် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၂) ဦးရှိရာ ယခုထပ်မံတွေ့ရှိချက်အရ ကယားပြည်နယ် တွင် အတည်ပြုလူနာစုစုပေါင်း (၅၈၅၂)ဦး၊ ဆေးရုံဆင်းလူနာ(၅၅၅၉)ဦးရှိပြီး ယမန်နေ့ သေဆုံးလူနာ (၁)ဦးရှိရာ လွိုင်ကော်မြို့နယ်တွင် (၁)ဦးဖြစ်ပြီး သေဆုံးလူနာ စုစုပေါင်းမှာ(၂၄၂)ဦး ရှိပြီ ဖြစ်ကြောင်းသိရသည်။
ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၂၃) ဦး၊ ဘောလခဲ မြို့နယ်တွင် (၂၂)ဦး၊ ဖားဆောင်းမြို့နယ်တွင် (၂)ဦးနှင့် မယ်စဲ့မြို့နယ်တွင် (၃)ဦး စုစုပေါင်း လူနာ (၅၀) ဦးတို့အား ကုသပေးလျက်ရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။