ဘောလခဲမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်ဆောင်ရွက်

ဘောလခဲ ဒီဇင်ဘာ ၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် Mask Campaign ကို ဘောလခဲမြို့ မြို့မစျေးရှေ့နှင့် မြို့လယ် လမ်းဆုံမီးပွိုင့်နေရာများ၌ ယနေ့ နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။ ​

ထိုသို့စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထွဋ်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းနှင့် မြို့နယ်အဆင့် ကိုဗစ်ကော်မတီဝင်များက ​မြို့နယ်အတွင်းရှိ ပြည်သူများ အပြင်ထွက် သွားလာတိုင်း Mask မဖြစ်မနေ တပ်ဆင်သွားလာကြရန်နှင့် တပ်ဆင်မှုမရှိ​​သော ပြည်သူများအား Mask များ အခမဲ့ ချက်ချင်းတပ်ဆင်သွားလာစေခြင်းဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယခုအချိန်ကာလသည် ကိုဗစ်ပိုးတွေ့ရှိမှု အရှိန်ကျဆင်းလာပြီဆိုရသော်လည်း ပိုးတွေ့ရှိမှုများ အနည်းငယ် ဖြစ်ပေါ်နေသောကြောင့် ယခုလိုအစီအစဉ်ကို အရှိန်မပျက်ဆောင်ရွက် လျက်ရှိပါကြောင်း ကော်မတီဝင် ဦးအာကာထွန်းထံမှ သိရှိရသည်။

ဇင်မာထွန်း