ဖားဆောင်း ဒီဇင်ဘာ ၇
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၅၀ ရာခိုင်နှုန်း ထိုးနှံပြီးစီးရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁)နာရီခွဲက မြို့နယ်အုပ်ချုပ်ရေး မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးက မိမိတို့မြို့နယ်အတွင်း အသက်(၁၈)နှစ် အထက် လူဦးရေ (တစ်သောင်းခြောက်ထောင်) ကျော် ရှိသော်လည်း လူဦးရေ (ငါးထောင်) ကျော်ခန့်သာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်၍ မြို့နယ်ဆေးထိုးရန် လူဦးရေနှင့် ကြည့်ပါက ၅၀ ရာခိုင်နှုန်း မပြည့်မီသေး ကြောင်း ၅၀ ရာခိုင်နှုန်းပြည့်မီရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး မှူးများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအိဖြူသွယ်က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအခြေအနေ၊ ရောဂါရှာဖွေမှုအခြေအနေနှင့် ကာကွယ်ဆေး ပထမအသုတ်၊ ဒုတိယ အသုတ်၊ တတိယအသုတ်၊ စတုတ္ထအသုတ် ဆေးထိုးစုရပ်အလိုက် ထိုးနှံပေးမှုအခြေအနေကို လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၅၀) ရာခိုင်နှုန်း ထိုးနှံပြီးစီးနိုင်ရေး ဆောင်ရွက်မည့် အစီအမံများကိုလည်းကောင်း၊ ပဉ္စမအသုတ်အဖြစ် (၇-၁၂-၂၀၂၁၁)ရက်နေ့မှ (၃-၁-၂၀၂၂) ရက်နေ့ထိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက အခက် အခဲများ၊ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ဆောင်ရွက်ကြမည့် အစီအမံများကို အသီးသီး ပြန်လည်တင်ပြခဲ့ကြကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)