ကယားပြည်နယ် ဉပဒေချုပ်ရုံးဝန်ထမ်းများ ၂၀၂၆ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

လွိုင်ကော် ဇွန် ၁၄

ကယားပြည်နယ် ဥပဒေချုပ်ရုံး၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်က ကယားပြည်နယ် ဥပဒေချုပ်ရုံးရှေ့မြေနေရာ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးဝင်းနိုင်၊ ပြည်နယ်ဥပဒေအရာရှိ၊ ပြည်နယ်သစ်တောဦးစီးမှူးနှင့် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ဥပဒေရုံးများမှ အရာထမ်းအမှုထမ်းများ တက်ရောက်ကြသည်။

ထို့နောက် ပြည်နယ်ဥပဒေချုပ်က ဦးဆောင်၍ တက်ရောက်လာကြသူများက သတ်မှတ်နေရာများတွင် ပျိုးပင်များကို စိုက်ပျိုးကြသည်။ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ဂေဟစနစ်ထိန်းသိမ်းနိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ မဟော်ဂနီ အပါအဝင် အရိပ်ရပင် (၆) မျိုးကို စုစုပေါင်း (၁၅၀) ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)