လွိုင်ကော် ဇွန် ၁၁
ကယားပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦး သူနာပြုစုနည်း (အခြေခံ) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်က ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ကယားပြည်နယ်ရုံး၊ သင်တန်းခန်းမ၌ ကျင်းပရာ ကြက်ခြေနီအသင်းမှ သင်တန်းနည်းပြ များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အဆိုပါသင်တန်းအား ဟိုတယ်/တည်းခိုရိပ်သာနှင့် တည်းခိုခန်းများတွင် လာရောက်တည်းခို သည့် ဧည့်သည်များ၏ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရန် ရည်ရွယ်၍ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ဟိုတယ်/တည်းခိုရိပ်သာနှင့် တည်းခိုခန်းများမှ ဝန်ထမ်း (၂၀) ဦးတက်ရောက်ခဲ့သည်။ သင်တန်း ကာလအတွင်း ရှေးဦးသူနာပြုစုနည်း (အခြေခံ) များနှင့်အတူ အရေးပေါ်အခြေအနေတွင် ဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်း သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)