လွိုင်ကော်မြို့၌ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပိုစတာစိုက်ထူပွဲ ကျင်းပ

လွိုင်ကော် ဇွန် ၁၂

ကယားပြည်နယ်အစိုးရအဖွဲ့၊ ကယားပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပိုစတာစိုက်ထူပွဲကို ယနေ့နံနက် ၈ နာရီက လွိုင်ကော်မြို့ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းရှေ့၌ ကျင်းပသည်။

အဆိုပါကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပိုစတာကိုကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ အသိအမြင်ဗဟုသုတများအား ပြည်သူများ ပိုမိုသိရှိနိုင်စေရန် ရည်ရွယ်၍ စိုက်ထူခြင်းဖြစ်ပြီး ပိုစတာစိုက်ထူပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ အတွင်းရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မေစု (ပြန်/ဆက်)