ကချင်ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီး​​ကြပ်ရေးအဖွဲ့ နာယက ဒေါ်လဖိုင်နန်ဆိုင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် တွေ့ဆုံ၊ အာဟာရဖြည့်အစားအစာများပေးအပ်

ပူတာအို မေ ၁၃

ကချင်ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်လဖိုင်နန်ဆိုင်းသည် အဖွဲ့ဝင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး၏ဇနီး ဒေါ်ဒေါင်နန်း၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ မေ(၁၃)ရက် နံနက်(၈)နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားပြီး အာဟာရဖြည့်အစားအစားများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီး ကြပ်ရေးအဖွဲ့ နာယက ဒေါ်လဖိုင်နန်ဆိုင်းက ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် ကျန်းမာသန်စွမ်းရန်အတွက် အာဟာဖြည့်အစားအစာများကို ကျန်းမာရေးဌာန၏လမ်း ညွှန်ချက်နှင့်အညီ စားသုံးရန်လိုအပ်ကြောင်း၊ မိခင်များသည် နိုင်ငံ့သားကောင်း သမီးကောင်းရတနာများကို မွေးဖွားပေးသောမိခင်များဖြစ်သဖြင့် အလွန်မွန်မြတ်ပါကြောင်း၊ ဒါကြောင့် ကချင်ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ပေးပို့လှူဒါန်းသော ကိုယ်ဝန်ဆောင်မိခင်များ စားသုံးရန်လိုအပ်သည့် အာဟာရဖြည့်အစားအစာများကို လာရောက်ပေးအပ်ရခြင်း ဖြစ်ပါကြောင်း၊ နောက်နောင်တွင်လည်း အခွင့်အခါသင့်ခဲ့လျှင် လာရောက်လှူဒါန်းပေးအပ်မှာ ဖြစ်ပါကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်လဖိုင်နန်ဆိုင်းနှင့် အဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင်(၂၅)ဦးအတွက် ကချင်ပြည်နယ်မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ လှူဒါန်းသော အာဟာရဖြည့်အစားအစာများနှင့် ပံ့ပိုးငွေများကို တစ်ဦးချင်းလက် ဝယ်အရောက်ပေးအပ်လှူဒါန်းပြီး ကျန်းမာရေးဌာနမှ ဆရာများက ကိုယ်ဝန်ဆောင်မိခင်များအား ပေါင်ချိန်ချိန်ပေးခြင်း၊ ကိုယ်ဝန်စမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်လဖိုင်နန်ဆိုင်းသည် မွေးလူနာနားနေခန်း၊ ကလေးမီးဖွားခန်းများကို ကြည့်ရှုစစ်ဆေးပြီး မွေးလူနာနားနေခန်းနှင့်ကလေး မီးဖွားများသန့်ရှင်းသပ်ရပ်ပြီး စနစ်တကျရှိစေ‌ရေးနှင့်ရပ်ကွက်မှ ကိုယ်ဝန်ဆောင်မိခင်များ သားဖွားခန်းတွင် သာ မီးဖွားနိုင်ရေးစည်းရုံးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ပူတာအို)