မိုးကောင်း မေ ၁၄
ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရန်အတွက် Grade-12 သင်ဆရာ၊ ဆရာမများအား တက္ကသိုလ်ပါမောက္ခများမှ Online Zoomဖြင့် Teacher Of Training -TOT ပြန်လည်ပို့ချခြင်းကို ယမန်နေ့နံနက်(၉)နာရီတွင် ထပ်မံဆောင်ရွက်လျှက်ရှိရာ မိုးကောင်းမြို့နယ်မှ ဆရာ၊ ဆရာမများက မိုကောင်းခန်းမ၌ တက်ရောက်သင်ယူကြောင်း သိရသည်။
မိုးညှင်းခရိုင်အတွင်း မိုးညှင်းနှင့်ဟိုပင်မြို့မှ ဆရာ၊ ဆရာမများအတွက် အ.ထ.က(၁) မိုးညှင်းမြို့တွင်လည်းကောင်း၊ မိုးကောင်းနမ္မတီး ကားမိုင်းပင်းဘောမြို့တို့မှ ဆရာ၊ ဆရာမများအတွက် မိုးကောင်း မြို့တော်ခန်းမတွင်လည်းကောင်း၊ ဖားကန့်မြို့မှ ဆရာ၊ ဆရာမများအတွက် အ.ထ.က(ဖားကန့်)တွင် လည်းကောင်း Zoom ဖြင့် သင်တန်းပေးခြင်းဖြစ်သည်။
အဆိုပါ TOT ပြန်လည်ပို့ချခြင်းကို မေလ(၁၃)ရက်မှ မေလ(၁၄)ရက်နေ့ထိ ပို့ချမည်ဖြစ်ပြီး နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ ဘာသာရပ်အလိုက် သင်ခန်းစာများ အသီးသီး ပြန်လည်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး