ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲနှင့် ကချင်ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၃/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ၊ ငလျင်ဘေးသင့် မန္တလေးတိုင်းဒေသကြီးသို့ တပ်မတော်လေယာဉ်ဖြင့် သွေးအိတ်များပို့ဆောင်
၂၀၂၅ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဘေးဒဏ်သင့်ဒေသများမှ ပြည်သူများအတွက် ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဦးဆောင်၍ လှူဒါန်းပေးလျက်ရှိရာ ဧပြီ ၁၁ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ခါကာဘိုရာဇီခန်းမရှိ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရုံး အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ကျင်းပပြုလုပ်သည်။